၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ် ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာမည်။
ဇန်နဝါရီလ တတိယ(၁၀)ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ တတိယ(၁၀)ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်ကို ၁၈-၁-၂၀၂၀ ရက်နေ့တွင် မိုးဇလမှ အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
မြစ်ရေအခြေအနေ

နေပြည်တော် ၁၈ ဇန်နဝါရီ

နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ရာသီဥတု သာယာမည်

နောက်(၂)ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးအနည်းငယ် ရွာနိုင်

သြစတြေးလျ တောမီးလောင်ကျွမ်းခဲ့တဲ့ ဒေသတွေမှာ မိုးသည်းထန်ရွာသွန်းနေ
သြစတြေးလျနိုင်ငံမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့တဲ့ နယူဆောက်ဝေး(NSW) ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတာ နှစ်ရက်ရှိပြီဖြစ်ပါတယ်။ မိုးဆက်လက်ရွာသွန်းမယ်လို့လည်း မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။