ရာနှုန်းပြည့်နိုင်ပွဲဆက်မှုနဲ့အတူ ဘယ်လ်ဂျီယံအသင်း ယူရို ၂ဝ၂ဝ ပြိုင်ပွဲ ၁၆ သင်းအဆင့် တက်လှမ်း

ဘယ်လ်ဂျီယံအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အုပ်စု(B) နောက်ဆုံးပွဲစဉ်အဖြစ် ဖင်လန်အသင်းနဲ့ ဇွန် ၂၁ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စုအဆင့်မှာ သုံးပွဲစလုံး အနိုင်ရရှိပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်မှုနဲ့အတူယူရို ၂၀၂၀ရဲ့ ၁၆သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။
ခရီးသွားကဏ္ဍကို ပြန်လည်ကုစားရန် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေကို ပြန်လည်ဖွင့်လှစ်သွားမည်
ဩစတြီးယားအသင်း ယူကရိန်းကို အနိုင်ရပြီး ယူရိုပြိုင်ပွဲ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့
ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ် (၃) အဖြစ် အုပ်စု (C)မှ ယူကရိန်းနှင့် ဩစတြီးယား၊ မြောက်မက်ဆီဒိုးနီးယားနှင့် နယ်သာလန်အသင်းတို့ ပွဲစဉ်ကို ဇွန် ၂၁ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ယူကရိန်းနှင့် ဩစတြီးယားအသင်းတို့ပွဲစဉ်တွင် ဩစတြီးယားအသင်းက တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိပြီး ယူရိုပြိုင်ပွဲနောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားနေသဖြင့် ဉဇဘက်-အာဖဂန် နယ်စပ် ယာယီပိတ်
ဉဇဘက်ကစ္စတန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားနေစဉ် နိုင်ငံသားများ ဉဇဘက်-အာဖဂန်နယ်စပ် ဖြတ်သန်းသွားလာမှုကို ယာယီပိတ်ထားခဲ့သည်ဟု ဉဇဘက် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၉၅ ဦး ထပ်မံတွေ့ရှိ
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၉၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူဦးရေ ၁၅၁၉၀၁ ဦးအထိ မြင့်တက်လာသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဂျပန်အာဏာပိုင်များ အိုလံပစ်ပွဲအတွက် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ဆိုင်ရာ အစီအမံများ ဆွေးနွေး
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဂျပန်အာဏာပိုင်များ၊ အိုလံပစ်ကော်မတီတို့နှင့် မကြာမီကျင်းပတော့မည့် တိုကျိုအိုလံပစ်အားကစားပွဲအတွက် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး အစီအမံများနှင့်ပတ်သက်ပြီး ယခုသီတင်းပတ်တွင် ဆွေးနွေးသွားမည်ဟု ပြောကြားသည်။
အီတလီကို ရှုံးနိမ့်ခဲ့သော်လည်း ယူရိုပြိုင်ပွဲနောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည့် ဝေးလ်
ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ် (၃) အဖြစ် အုပ်စု (A) မှ ဆွစ်ဇာလန်နှင့် တူရကီ၊ အီတလီနှင့် ဝေးလ်အသင်းတို့ပွဲစဉ်ကို ယမန်နေ့ ညပိုင်းက တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားခဲ့ရာ ဆွစ်ဇာလန်နှင့် တူရကီအသင်းတို့ ပွဲစဉ်တွင် ဆွစ်ဇာလန်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အီတလီနှင့် ဝေးလ် အသင်းတို့ ပွဲစဉ်တွင် အီတလီအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။