COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၅-၁၁-၂၀၂၀) ရက်နေ့၊ ညနေ (၅:၀၀)နာရီ

‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

စလိုဗေးနီးယားနိုင်ငံမှာ ပိုးကူးစက်မှုများလာတဲ့အတွက် အများသုံးယာဉ် ပြေးဆွဲမှု ရပ်ဆိုင်း
စလိုဗေးနီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုများလာတဲ့အတွက် ဒီနေ့(စနေနေ့) နံနက်ပိုင်း က စပြီး အများသုံး ယာဉ်တွေ ပြေးဆွဲမှုကို သီတင်းနှစ်ပတ်ရပ်ဆိုင်းကြောင်း သိရပါတယ်။
အီတလီနိုင်ငံတောင်ပိုင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု များပြားတဲ့အတွက် အနီရောင်ဇုန်အဖြစ် သတ်မှတ်
အီတလီနိုင်ငံတောင်ပိုင်းရှိ နေဘဲလ်စ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု များလာတဲ့အတွက် ဆေးရုံမှာ နေရာအကန့်အသတ် ဖြစ်လာသောကြောင့်  ပိုးတွေ့လူနာတွေအား မိမိတို့ကားထဲမှာပဲ နေထိုင်စေပြီး ကုသပေးခြင်းတွေကို သောကြာနေ့က လုပ်ဆောင်ခဲ့ရကြောင်း သိရပါတယ်။
အမေရိကန် လျှို့ဝှက်တပ်ဖွဲ့ဝင်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်နဲ့ အိမ်ဖြူတော် လုံခြုံရေး တာဝန်ယူထားတဲ့ အမေရိကန်လျှို့ဝှက်တပ်ဖွဲ့ဝင် (US Secret Service) မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း အမေရိကန်နိုင်ငံက သတင်းဌာနတွေက သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း