စစ်ဆင်ရေးများ ဆက်လက်ဆင်နွှဲနေသော်လည်း ယူကရိန်း၊ ရုရှား ဒုတိယအကျော့ဆွေးနွေးပွဲအတွက် ပြင်ဆင်

ပါကစ္စတန်နိုင်ငံ၌ ဗုံးပေါက်ကွဲမှုကြောင့် လူသုံးဦးသေဆုံး၊ ၂၄ ဦးဒဏ်ရာရ
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ကတ်တာမြို့တွင် ယမန်နေ့ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူသုံးဦးထက်မနည်းသေဆုံးပြီး အခြား ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၅၆၁ ဦး ထပ်မံတွေ့ရှိ
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၅၆၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၂၉၄၅၁၆၀ အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၆၅၀၀၀၀ ရှိလာ
ဘရာဇီးနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လူ ၃၇၀ သေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၆၅၀၀၀၀ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များဖြေလျှော့
တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ဆောင်ရာတွင် အဆင့်တစ်ခုသို့ရောက်ရှိလာသဖြင့် အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်အများအပြား ဖြေလျှော့ပေးခဲ့သည်ဟု ............
အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၉၂၀ ထပ်မံတွေ့ရှိ
အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၉၂၀ ယနေ့ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံတစ်ဝန်း၌ ရောဂါကူးစက်ခံရသူပေါင်း ၅၆၃၀၀၉၆ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။