အင်ဒိုနီးရှားနိုင်ငံ ရေနံချက်စက်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် လူတစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ ဘာလစ်ပါပန်မြို့၌ ယမန်နေ့က နိုင်ငံပိုင် ပီတီ ပါတာမင်နာ ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီတွင် လုပ်ငန်းလည်ပတ်နေသော ရေနံချက်စက်ရုံတစ်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် လူတစ်ဦးသေဆုံးပြီး အခြားငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ကယ်ဆယ်ရေးသမားတစ်ဦးက ပြောကြားသည်။
အိန္ဒိယနိုင်ငံ အာသံပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူသုံးဦး သေဆုံး၊ ၂၅၀၀၀ ခန့် ရေဘေးသင့်

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၄၁ ဦး ထပ်မံတွေ့ရှိ
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၄၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၃၁၁၆၂၅၄ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
ပါကစ္စတန်နိုင်ငံ ကရာချီမြို့၌ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် လူ ၁၃ ဦး ဒဏ်ရာရ
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ် ကရာချီမြို့ရှိ ဈေးဧရိယာအတွင်း  ယမန်နေ့ညနှောင်းပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူများက ပြောကြားသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၄၁၀ ဦး ထပ်မံတွေ့ရှိ
မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၁၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၄၇၀၄၇၁ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
မြောက်ကိုရီးယားနိုင်ငံ၌ ဖျားနာနေသူ ၁၈၀၀၀၀ ကျော်ကို သီးသန့်ခွဲခြားထား
မြောက်ကိုရီးယားနိုင်ငံတွင် ဧပြီလနှောင်းပိုင်းမှစတင်ကာ အမျိုးအမည်မသိသောဖျားနာမှုများဖြစ်ပွားနေသူ ၃၅၀၀၀၀ ကျော်ရှိသည်ဟု မြောက်ကိုရီးယားကဆိုသည်။ လူပေါင်း ၁၈၀၀၀၀ ကျော်ကို သီးသန့်ခွဲခြားထားကာ နိုင်ငံတစ်ဝန်းတွင် ကုသမှုပေးနေသည်ဟု ထပ်လောင်းဖော်ပြထားသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၃၂၁ ဦး ထပ်မံတွေ့ရှိ
မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၃၂၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၄၆၇၀၆၁ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။