ပင်တဂွန်ရဲ့လျို့ဝှက်အကြောင်းအရာတွေကို စတင်ဖော်ထုတ်သူကို ဆွီဒင်နိုင်ငံက ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆုရရှိ
၁၉၇၁ ခုနှစ်က အမေရိကန် ဗီယက်နမ်စစ်ပွဲအတွင်းမှာ အမေရိကန်ရဲ့ စစ်ပွဲနဲ့ပတ်သက်တဲ့ လျို့ဝှက် အစီအစဉ်တွေကို ဖော်ထုတ်ခဲ့တဲ့ ဒန်နီရယ် အယ်စဘတ်ကို ဆွီဒင်နိုင်ငံကချီးမြှင့်တဲ့ ၂၀၁၈ ခုနှစ် အတွက် Olof Palme အိုလပ်ဖန်း လူ့အခွင့်အရေးဆုကို ဇန်နဝါရီလ ၉ ရက်နေ့က ချီးမြှင့်ခဲ့ပါတယ်။