နိုင်ငံတစ်ဝှမ်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်း ပြည်နယ်အဆင့်အသိပေးဆွေးနွေး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်အတွင်း ဝက်သက်-ဂျိုက်သိုးကာရောဂါ ဖြစ်ပွားမှု လျော့နည်းစေရန် ရည်ရွယ်၍ နိုင်ငံတဝန်း ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) ပြည်နယ်အဆင့် အသိပေး ဆွေးနွေးခြင်းကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ကယားပြည်နယ် လွိုင်ကော်မြို့ မင်းစုရပ်ကွက်ရှိ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှိ ခန်းမ ဆောင်၌ ကျင်းပ
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေနှင့် ကျေးရွာပြည်သူများ ထည့်ဝင်ငွေဖြင့် ဆောင်ရွက်သော ကျေးရွာမီးလင်းရေး ဖွင့်ပွဲအခမ်းအနား ကျင်းပ
ကရင်ပြည်နယ် ၊သံတောင်ကြီးမြို့နယ် ၊ရွာကြီးကျေးရွာအုပ်စု ၊သူဌေးကုန်းကျေးရွာ မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ပြုလုပ်
မူဆယ်မြို့တွင် ယာဉ်စည်းကမ်းနှင့်ကိုက်ညီမှုမရှိမော်တော်ယာဉ်များကို ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ နယ်စပ်ဒေတွင် အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မူဆယ် ခရိုင်)မှ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များနှင့် ကော်မတီဝင်များပါဝင်သည့်အဖွဲ့စုံသည် မူဆယ်ခရိုင်၊ ယာဉ်စည်းကမ်းထိန်း သိမ်းရေးကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့ မွန်းလွဲပိုင်းက မူဆယ်မြို့အဝင် ပြည်ထောင်စု လမ်းမကြီး (OHC Toll Gate) အနီးနှင့် မူဆယ်မြို့အထွက် ပန်ခမ်းတံတားအနီးတို့တွင် ယာဉ်စည်းကမ်းနှင့် ကိုက်ညီမှုမရှိ သည့်  မော်တော်ယာဉ်များကို  ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်ခဲ့
ခင်ဦးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် UNICEF (မြန်မာ)မှ လှူဒါန်းသော တိုင်းရင်းသား ပုံပြင်များ လာရောက်ဖတ်ရှု့နိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် UNICEF (မြန်မာ)မှ ကလေးစာပေ တိုင်းရင်းသားပုံပြင်စာအုပ်များကို လှူဒါန်းထားကြောင်း သိရ