လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်သို့ UNICEF (မြန်မာ)မှ တိုင်းရင်းသားဘာသာ ပုံပြင်စာအုပ် များလှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်သို့ ကလေးများအတွက် မြန်မာစာပေနှင့် တိုင်းရင်းသားဘာသာစကားများနှင့် တိုင်းရင်းသားတို့၏ ချစ်စရာရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်များကို သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ UNICEF (မြန်မာ)မှ တိုင်းရင်းသားဘာသာ ပုံပြင်စာအုပ်များကို ပေးပို့လှူဒါန်း
ကျွဲတဲကြီးကျေးရွာတွင် လျှပ်စစ်မီးရရှိ
ကျောက်တံခါးမြို့နယ်၊ ဆယ့်လေးရွာအုပ်စု ကျွဲတဲကြီးကျေးရွာတွင် နိုဝင်ဘာ ၃ ရက် ညနေ ၄ နာရီခွဲက ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်ခဲ့
ပေါက်မြို့နယ် သနပ္ပင်ဇင်း ကျေးရွာ၌ (၂၄)နာရီမီးလင်းရေးဖွင့်ပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် သနပ္ပင်ဇင်းကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ၊ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းရန်ပုံငွေနှင့် ကျေးရွာလျှပ်စစ်မီးရရှိရေး၊ ကျေးရွာမီးလင်းရေး ကော်မတီတို့၏ အစီအမံဖြင့် ကျေးရွာ(၂၄)နာရီ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ
ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်အတွက် မီးပုံးပျံများပြုလုပ်ရန် ပညာရှင်များ လက်မလည်နိုင်အောင်ဖြစ်နေ

ကြို့ပင်ကောက်မြို့တွင် မသန်စွမ်းမှုဆိုင်ရာ အမြင်ဖွင့်သင်တန်းဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ဈေးချိုတောင်ရပ်ကွက် အရှေ့မြို့ပတ် လမ်းရှိ "သောဘဏာရုံ" ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း နိုဝင်ဘာ ၃ ရက် နံနက် ၉ နာရီက မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (Myanmar Independent Living Intiative) ရန်ကုန်ရုံးချုပ်၏ ပံ့ပိုးကူညီမှုဖြင့် မသန်စွမ်းမှုဆိုင်ရာ အမြင်ဖွင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပ
သစ္စာပန်း မေမြို့ပန်းစိုက်တောင်သူများ အညာတွင် တွက်ချေကိုက်နေ
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ရေနံချောင်းမြို့နယ်တွင် ကိုင်းမြေများနှင့် ဥယျာဉ်ခြံမြေ၊ ချောင်းမြေနုများတွင် သစ္စာပန်း မေမြို့ပန်းများကို အဓိကစိုက်ပျိုးကြပြီး အလှူအတန်း ပေါများသောကြောင့် အရောင်းသွက်ကာ တွက်ချေကိုက်နေကြောင်း သိရ