မန္တလေးဆရာအတတ်သင်သိပ္ပံ၊ပညာရေးကောလိပ်(၁၃)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကျင်းပ

မန္တလေးဆရာအတတ်သင် သိပ္ပံ/ပညာရေးကောလိပ်(၁၃)ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲနှင့် သင်တန်းသားသင်တန်းသူဟောင်းများ မိတ်ဆုံပွဲကို ယမန်နေ့က ချမ်းအေးသာစံမြို့နယ် ၆၈လမ်း၊ ၃၄လမ်းနှင့်၃၅လမ်းကြားရှိ မန္တလေးပညာရေးကောလိပ် ပညာတန်ဆောင်ခန်းမတွင်  ကျင်းပခဲ့သည်။
ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့်အကြို၊ အထိမ်းအမှတ် ပို့စကတ်သစ်(၂)မျိုးရောင်းချပေးမည်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့်အကြို၊ အထိမ်းအမှတ် ပို့စကတ်သစ်(၂)မျိုးအား ၂၀၂၀ခုနှစ်၊ ဇန်နဝါရီ (၁)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ပြာသိုလဆန်း (၇)ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည် ဖြစ်သည်။
တောင်ဥက္ကလာပမြို့နယ်၌ အကြိမ် (၇၀)မြောက် အမှိုက်ကောက်လှုပ်ရှားမှုပြုလုပ်
တောင်ဥက္ကလာပမြို့နယ်၌ အကြိမ်(၇၀)မြောက်အဖြစ် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်လှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၂)ရပ်ကွက်ရှိ လမ်းများ၊ ရေမြောင်းများတွင် စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။
မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ (၂၀၂၀) ပြိုင်ပွဲဝင် လျှောက်လွှာများရောင်းချ
မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ(၂၀၂၀)ကို ဇန်နဝါရီ၄ရက်(လွတ်လပ်ရေးနေ့)တွင် ကျင်းပမည် ဖြစ်ပြီး ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးအလွတ်တန်း၊ အမျိုးသား အမျိုးသမီး လူသစ်တန်း ပြိုင်ပွဲများ ထည့်သွင်းယှဉ်ပြိုင်မည်ဖြစ်သည်။ပြိုင်ပွဲအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့မှ နံနက် ၆ နာရီခွဲတွင် တာလွှတ်၍ ၂၆လမ်းအတိုင်း လမ်း၈၀အထိ၊ ၎င်းမှလမ်း၈၀အတိုင်း ၁၂လမ်းအထိ၊ ၎င်းမှ ၁၂လမ်းအတိုင်း ၇၃လမ်းအထိ၊ ၇၃လမ်းမှမန္တလေးတောင်ပတ်လမ်း၊ ၁၀လမ်းမှ အရှေ့သို့ ၆၂ လမ်းအထိ၊ ၆၂ လမ်းအတိုင်း ငုရွှေဝါလမ်းအထိ၊ ငုရွှေဝါလမ်းမှ ၆၈ လမ်းအထိ၊ ၆၈ လမ်းအတိုင်း မန္တလာသီရိ အားကစားကွင်းအထိ ၁၃မိုင်ခန့် ပြေးလမ်းသတ်မှတ်ထား
နှစ်စဉ် အောင်ဘာလေသိန်းဆုခွန် ရငွေစာရင်း
နှစ်စဉ် တံဆိပ်ခေါင်းခွန် ရငွေစာရင်း
မြိတ်မြို့ရှိဆိပ်ငယ်ဈေးကြီးကို စည်ပင်သာယာရေးဘတ်ဂျက်မှ ခွင့်ပြုငွေကျပ် ၄၉၂ ဒသမ ၅သန်း ဖြင့် အကုန်အကျခံကာပြုပြင်သွားမည်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိစည်ပင်သာယာရေးအဖွဲ့ပိုင်ဆိပ်ငယ်ဈေးကြီးကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာ ရေးနှစ်၊ စည်ပင်သာယာရေးဘတ်ဂျက်မှခွင့်ပြုငွေကျပ်(၄၉၂ ဒသမ ၅)သန်းဖြင့် အကြီးစား ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်သာယာရေးကော်မတီထံမှသိရသည်။