မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ကျွန်းတစ်ကျွန်းလျှင် ဟိုတယ်တစ်လုံးသာ တည်ဆောက်ခွင့်ပြုရန် ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ
တနင်္သာရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်းတစ်ကျွန်းလျှင် ဟိုတယ်တစ်လုံးသာ တည်ဆောက်ခွင့်ပြုရန်ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။
ပုံမှန်ကာကွယ်ဆေးထိုး (၁၁)မျိုးအပြင် ၂၀၂၀ ပြည့်နှစ်မှစ၍ ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကလေးငယ်များအား ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါအားလုံး ဖြစ်ပွားသေဆုံးမှုများ လျော့နည်းပပျောက်စေရန် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းဖြင့် (၉၀)ရာခိုင်နှုန်းအထက် လွှမ်းခြုံမှုရရှိရန် ကြိုးပမ်းလျက်ရှိရာ
ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး ရှင်းလင်းဆွေးနွေး
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်သည့် ဒေသတစ်ခုဖြစ်ပြီး မြေအောက်ရေအရင်းအမြစ် ရရှိမှုခက်ခဲ၍ ရေရှားပါးမှုများနှင့် ကြုံတွေ့လျက်ရှိသည့် ဒေသဖြစ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မော်ချီးဒေသ ရေရရှိရေးအတွက် ရန်ပုံငွေများအား လျာထားဆောင်ရွက်ခဲ့သည်။ ရေရရှိရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ဒီဇိုင်းရေးဆွဲကာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းရှင်များအား ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ Royal Country Development Company Limited မှ ကွင်းဆင်းစိစစ် ဆောင်ရွက်ထားရှိမှုများနှင့် ဒီဇိုင်းရေးဆွဲ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီး ဦးစိုးအောင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံအဆင့် စံလုပ်ငန်းအစီအစဉ် အပြီးသတ်အတည်ပြုရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံအဆင့် စံလုပ်ငန်းအစီအစဉ် အပြီးသတ်အတည်ပြုရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။