ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံ
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ................
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲတက်ရောက်၊ လယ်ဝေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ကျန်းမာရေး အခမဲ့စောင့်ရှောက်ပေးနေမှု ကြည့်ရှု၍ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီကကြီးမှူး၍ နေပြည်တော် အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနနှင့် နေပြည်တော် လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့် ရေးစခန်း(၂)၌ကျင်းပသည်။
ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူတော်မူသော ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးအား သွားရောက် ဖူးမြော်ကြည်ညို
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူတော်မူသော ဆရာတော်(၈)ပါးနှင့် သီလရှင်ဆရာကြီး(၁)ပါးတို့ကို သွားရောက်အားပေး ကြည်ညိုခဲ့ကြသည်။
မိုးစပါးအပြီး ထယ်ရေးမဲ့စနစ်ဖြင့် ဆောင်းသီးနှံ သီးထပ်စိုက်ပျိုးရန် စမ်းသပ်သုတေသနပြု
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် သီးထပ်စွမ်းရည် တိုးတက်လာစေရေးကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မဲဒီကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မဲဒီကျေးရွာမှ တောင်သူများက မိုးစပါးအပြီး မြေတွင်းအစိုဓာတ် မပျောက်ဆုံးခင် ဆောင်းသီးနှံ အချိန်မီစိုက်ပျိုးရေးအတွက် ထယ်ရေးမဲ့စိုက်ပျိုးနည်းစနစ်ကို စမ်းသပ်သုတေသနပြု သရုပ်ပြစိုက်ပျိုးမှုကို လေ့လာခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးတိုက်နယ်နှင့် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်အုပ်စုမှ ယာယီတိမ်းရှောင်ပြည်သူများ၊ ပညာရေးဝန်ထမ်းများအား သွားရောက်တွေ့ဆုံအားပေး၍ ဆန်ရိက္ခာ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှုများကြောင့် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးတိုက်နယ်နှင့် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ယာယီတိမ်းရှောင်လာသော ဒေသခံပြည်သူများနှင့် ပညာရေးဝန်ထမ်းများအား ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်းအခမ်းအနားတက်ရောက်