၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများနှင့် မိသားစုဝင်များ ပါဝင်ဆန္ဒမဲပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ယနေ့ နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပရာ တပ်မတော်သားများနှင့် မိသားစုဝင်များသည်လည်း သက်ဆိုင်ရာမဲရုံများတွင် စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ဆန္ဒမဲများပေးခဲ့ကြသည်။
ကိုရီးယားသမ္မတနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများနှင့် မြန်မာအလုပ်သမားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ကိုရီးယားသမ္မတနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၉၃)ဦးနှင့် မြန်မာအလုပ်သမား (၅၅)ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၄၈)ဦးကို ဆိုးလ်မြို့ရှိ မြန်မာသံရုံး၊ နှင့် JSM International ကုမ္ပဏီတို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ  ပြန်လည်ရောက်ရှိခဲ့ကြသည်။
ညောင်လေးပင်မြို့နယ်တွင် ဆန္ဒမဲများ ရေတွက်လျက်ရှိ 

ညောင်လေးပင်  ၈  နိုဝင်ဘာ

ဖလမ်းမြို့နယ်၌ ကြိုတင်ဆန္ဒမဲလက်မှတ်များ ပွင့်လင်းမြင်သာစွာရေတွက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ပေးပို့ထားသည့် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ရေတွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ မဲရုံများ ပိတ်သိမ်း၍ မဲများရေတွက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ မဲရုံ (၃) ရုံတွင် ဆန္ဒမဲလက်မှတ်များ ရေတွက်ခြင်းကို မဲရုံပိတ်သိမ်းပြီးသည့် ညနေ ၄ နာရီနောက်ပိုင်းတွင် မဲရုံအတွင်း သက်ဆိုင်ရာပါတီကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများရှေ့တွင် တာဝန်ရှိသူများက ပွင့်လင်းမြင်သာစွာ ရေတွက်ခဲ့ကြောင်း သိရသည်။
“ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေအစီအစဉ် (သတ္တမပတ်အစီအစဉ်)”

(၈-၁၁-၂၀၂၀)

လွှတ်တော်ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူထားကြောင်း အသိပေးကြေညာခြင်း