ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ ကိုဗစ် - ၁၉ ကာလအတွင်း တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် သီးနှံ(Home Garden) စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ကာလအတွင်း ကျန်းမာသန့်ရှင်း လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက် အကောင်အထည်ဖော် စိုက်ပျိုး ဆောင်ရွက်ထားသည့် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် (Home Garden) စိုက်ခင်း စိုက်ပျိုး ဆောင်ရွက်ထားရှိမှုအား  အောင်မြင်ဖြစ်ထွန်းမှု ရှိ/မရှိ ဒီဇင်ဘာ ၂၄ ရက်  နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် မုန်းနားစုကျေးရွာနှင့် ညောင်ပင်ရွာ ကျေးရွာများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ
တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁) ကို Virtual Festival အွန်လိုင်းစနစ်ဖြင့် ကျင်းပနိုင်ရေး  လေ့လာဆန်းစစ်သည့် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ 
တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ကို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် Virtual Festival အွန်လိုင်းစနစ်ဖြင့် ကျင်းပနိုင်ရေးလေ့လာဆန်းစစ်သည့် အကြိုညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ  ၂၃  ရက်  နံနက်ပိုင်းက  နေပြည်တော် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ အစည်းအဝေး ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ နှမ်းကုန်ချော ထုတ်စက်ရုံလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မကွေးမြို့နယ် ကန်ပြားကျေးရွာနှင့် ဂွေးတောက်စမ်းကျေးရွာကြားတွင် စက်ရုံတည်၍ တန်ဖိုးမြင့် ထု တ်ကုန်များ ထုတ်လုပ်နေသော နှမ်းကုန်ချောထုတ်စက်ရုံသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် တာဝန်ရှိသူများက  ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်း၌ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့အဝင် ခြေမြစ်ပင်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ
ကျောက်တလုံးကြီးမြို့နယ်၌ တစ်ပိုင်တစ်နိုင် ပအိုဝ်းရိုးရာလွယ်အိတ်များ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေရရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း တစ်ပိုင်တစ်နိုင် ပအိုဝ်းရိုးရာလွယ်အိတ်များ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။