ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်
KKG 2
လူနာတွေ ငွေကြေးတစ်စုံတစ်ရာပေးစရာမလိုဘဲ ကုသလို့ရအောင် ဆောင်ရွက်ပေးထားတယ်၊ ဆေးဝါးနဲ့ပတ်သက်ပြီး ပူစရာမလိုပါဘူး၊ အားလုံးတာဝန်ယူပြီး ကုသပေးမှာဖြစ်ပါတယ်
တချို့လူတွေကတော့ ဆေးထိုးတာကို မယုံကြည်တာတွေလည်း ရှိပါတယ်၊ ကျွန်တော်ကတော့ ယုံယုံကြည်ကြည်နဲ့ လာရောက်ဆေးထိုးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်
ကိုဗစ်မဖြစ်အောင် မိမိကိုယ်ကို ကာကွယ်ဖို့လိုသလို မိမိ မိသားစု၊ မိမိရပ်ကွက်၊ မိမိတို့ကျေးရွာ၊ မိမိတို့ပတ်ဝန်းကျင်ကို ကိုဗစ်ရောဂါမကူးစက်အောင် မိမိတို့ကစ ကာကွယ်ပေးကြပါလို့ ပြောကြားလိုပါတယ်
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်ဆိုတဲ့စကားနှင့်အညီ ကိုဗစ်-၁၉ ရောဂါမဖြစ်အောင် ကာကွယ်ရမယ့် နည်းလမ်းတွေ ကာကွယ်ဖို့ပါပဲ
ကာကွယ်ဆေးမထိုးဖြစ်တဲ့သူမရှိအောင် ကိုယ်တိုင်လည်း တိုက်တွန်းသွားပါ့မယ်။ အခုလို အသက်ကြီးသူတွေကို ဉီးစားပေးထိုးနှံပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်