တိုင်းရင်းသား လူမျိုးများစာရင်းကို ထုတ်ပြန်နိုင်ရေးအတွက် တင်ပြဆောင်ရွက်ဆဲ ဖြစ်သည့်အတွက် တရားဝင်ထုတ်ပြန်ခြင်း မပြုသေး

တိုင်းရင်းသား လူမျိုးများစာရင်းကို ထုတ်ပြန်နိုင်ရေးအတွက် တင်ပြဆောင်ရွက်ဆဲ ဖြစ်သည့်အတွက် တရားဝင် ထုတ်ပြန်ခြင်း မပြုသေးပါကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး ပထမနေ့ ပြုလုပ်
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး (၃/၂၀၁၈)၊ ပထမနေ့ကို ဇွန်လ ၁၂ ရက် ယနေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ကတိသစ္စာ မပြုရသေးသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မှ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများအနေဖြင့် လောင်းကစားနှင့် ငြိစွန်းသည့် ဆောင်ရွက်မှုများ ပေါ်ပေါက်ပါက ဆက်သွယ်ရေးဥပဒေ၊ လောင်းကစားဥပဒေနှင့် တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်
မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ အပါအဝင် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများအနေဖြင့် လောင်းကစားနှင့် ငြိစွန်းသည့် ဆောင်ရွက်မှုများ ပေါ်ပေါက်ပါက ဆက်သွယ်ရေးဥပဒေ၊ လောင်းကစားဥပဒေနှင့် တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေ ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများနှင့် ပတ်သက်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေအရ အစစ်ဆေးခံလျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေ ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအရ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှတစ်ဆင့် ဥပဒေအတိုင်း တာဝန်ယူ ဆောင်ရွက်လျက်ရှိသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကလည်း ယင်းဥပဒေအရ အစစ်အဆေးခံလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
ကွမ်းခြံကုန်းမြို့နယ်၌ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်ရေး (၃၃)ကေဗွီ ဓါတ်အားလိုင်း(၁၇)မိုင် နှင့် ၃၃/၁၁ KV, ၅MVA ခွဲရုံတစ်ရုံ ဆောင်ရွက်ပေးမည်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၄၃)ရက်မြောက်နေ့ကို ဇွန် ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆက်လက်ကျင်းပ
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့ နံနက် ၁ဝ နာရီက ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၁၄)ဦး၊ တပ်မ တော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄)ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် (၁)ဦး၊ စုစုပေါင်း (၁၉)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း (၉၅%) တက်ရောက်ကြသောကြောင့် ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော်ဒသမပုံမှန် အစည်းအဝေး (ဒုတိ ယနေ့)ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။