သယ်ယူပို့ဆောင်ရေး အခြေအနေကြောင့် အမဲသားစျေးကောင်းနေ

ရန်ကုန် ဧပြီ ၂၉

သယ်ယူပို့ဆောင်ရေး အခြေအနေကြောင့် အမဲသားစျေးကောင်းနေကြောင်း အမဲသားရောင်းဝယ်ရေး အသိုင်းအဝိုင်းထံ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် သုံးရက်ခန့်တွင် အမဲသားစျေးမှာ ၁၇၀၀၀ ကျပ်ခန့်ရှိရာမှ တစ်ထောင်ကျပ်တက်လာခြင်း ဖြစ်ကာ စျေးနှုန်းမငြိမ်သည့် အခြေအနေ ရှိနေကြောင်းလည်း သိရသည်။

“အမဲသားကဈေးတက်တယ်။ လက်လီမှာ တစ်ပိဿာကို ကျပ် ၁၇၀၀၀၊ ကျပ် ၁၈၀၀၀ ရောင်းရတယ်။  တို့ဆီမှာက ဈေးချိုသေးတယ်။ မြို့ထဲမှာ ကျပ် ၂၀၀၀၀ ကျော်ရောင်းနေတာလည်း ရှိတယ်။ အစ်မတို့ ဆီမှာက ကျပ် ၁၈၀၀၀ ကို ဒီနေ့မှစရောင်းတာ။ သယ်ယူပိုဆောင်ရေးကြောင့်ပေါ့။ လမ်းမှာက စရိတ်စကတွေအရမ်းများတယ်။ ထပ်တက်ဖို့ဝောာ့ ယူတဲ့ဒိုင်ဘက်ကမပြောဘူး။ ကျဖိုကတော့မရှိဘူး ဟု ရန်ကုန်မြို့ မှ အမဲသားရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ထိုသို့ ရောင်းဝယ်ရာတွင် အသားစျေးနှင့် အကြော၊ အရွတ်စျေးမှာ အနည်းငယ်ကွဲပြားပြီး အကြော၊ အရွတ်စျေးမှာ တစ်ပိဿာလျှင် ကျပ် ၁၃၀၀၀ ခန့် ရှိကြောင်းလည်းသိရသည်။ သင်္ကြန်မတိုင်မီကာလက အမဲသား လက်လီစျေးကွက်တွင် အသားတစ်ပိဿာလျှင် ကျပ် ၁၆၀၀၀ ရှိခဲ့ပြီး အဆင့်ဆင့်စျေးတက်ခဲ့ခြင်းဖြစ်ကာ စျေးနှုန်းအခြေအနေကြောင့် စားသုံးသူ နည်းပါးမည်ကို စိုးရိမ်မှုများလည်း ရှိနေကြောင်း သိရသည်။

အမဲသားသည် မြန်မာနိုင်ငံတွင် စားသုံးသူများသည့် အသားတစ်မျိုးဖြစ်ကာ ပြည်ပသို့ အေးခဲ တင်ပို့မှုလည်း ရှိနေကြောင်း သိရသည်။

Thit Taw