သုတေသနစမ်းသပ်ကွက်များ ဆောင်ရွက်ခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်

မန္တလေး  ၁၈ စက်တင်ဘာ    

 

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဋ္ဌာနခွဲမှ တိုင်းအတွင်းရှိ မြေအသုံးချရေး တာဝန်ခံဝန်ထမ်းများ သုတေသန စမ်းသပ်ကွက်များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လုပ်ကိုင်နိုင်စေရန်နှင့် နည်းစနစ် မှန်ကန်စွာ ဆောင်ရွက်သွားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် သုတေသန စမ်းသပ်ကွက်များ ဆောင်ရွက်ခြင်း နည်းပညာပေး သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရှိ မြေအသုံးချရေးဌာနခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

သင်တန်းဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဋ္ဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျင်မောင်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်သန္တာဝင်းက သုတေသန စမ်းသပ်ကွက်များ ဆောင်ရွက်ရာတွင် နည်းစနစ် မှန်ကန်စွာနှင့် တိကျသော အဖြေများရရှိအောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သုတေသနစမ်းသပ်ကွက်များ ဆောင်ရွက်ခြင်း နည်းပညာပေးသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

၎င်းနောက် တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်သန္တာဝင်းက တက်ရောက်လာသည့် သင်တန်းသား (၅၀)ဦးအား သုတေသန စမ်းသပ်ကွက်များ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် စီမံချက်ရေးဆွဲနည်းများ၊ Power Point Slide များ ပြင်ဆင်နည်း၊ သုတေသနစာတမ်း ပြုစုရေးသားနည်းများကိုလည်းကောင်း၊ ဒေါက်တာ စန်းလှထွေးက စမ်းသပ်ကွက်ဒီဇိုင်းများ ရေးဆွဲနည်းနှင့် စမ်းသပ်ကွက်မှ မှတ်တမ်းကောက်ယူ နည်းစနစ်များကိုလည်းကောင်း စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းသို့ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြေအသုံးချရေးတာဝန်ခံ(ဝန်ထမ်း) သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)