သုံးခွမြို့နယ်တွင် နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား

နေပြည်တော်  ၂၀   ဇူလိုင် 
    

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မှိုကုန်းသာကျေးရွာတွင် ဇူလိုင်လ ၁၈ ရက်နေ့ ည ၉ နာရီက အဆိုပါကျေးရွာနေ သန်းဇော်(၃၆)နှစ်၏ နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်အား မီးကူးစက်လောင်းကျွမ်းခဲ့ရာ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၁၀ နာရီ ၂၀ မိနစ် အချိန်ခန့် တွင် မီးငြိမ်းသွားခဲ့သည်။
 

မီးလောင်မှုကြောင့် နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကာ သန်းဇော်နှင့် ဇနီးဖြစ်သူ မေစိုးမွန်တို့တွင် မီးလောင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် သန်းဇော်အား ကတုံးပေါ်နယ်မြေရဲစခန်းမှ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


MDN