သုံးခွမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်ပို့ချ ဆွေးနွေး

သုံးခွ  ၂၅  အောက်တိုဘာ

 

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို အောက်တိုဘာ ၂၄ ရက် နံနက်(၉)နာရီက သုံးခွမြို့ မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချပေး လျက်ရှိကြောင်း သိရသည်။

 

မဲရုံမှူး၊ ဒုတိယမဲရုံမှူး(၃၅၀)အား သင်တန်းပို့ချခြင်းကို အော က်တိုဘာ (၂၄/၂၅/၂၆)တို့တွင် အသုတ် သုံးသုတ်ခွဲကာ အခန်း(၅)ခန်းတွင်  သင်တန်းနည်းပြ၆ ဦးတို့က သင်တန်းပို့ချ ပေးလျက်ရှိကြောင်း သိရှိရသည်။

 

mdn

 

အဆိုပါ သင်တန်းတွင်မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၏အခန်းကဏ္ဍ၊ တာဝန်ဝတ္တရား၊ မဲရုံသုံးပုံစံများ ရေတွက်ခြင်း၊ မဲရုံဖွင့်လှစ်ရန်ကြိုတင်ပြင်ဆင်ခြင်း၊ မသန်စွမ်းများအတွက် မဲပေးရန်စီစဉ်ခြင်း၊ မဲရုံ ပိတ်သိမ်းခြင်းနှင့် မဲရေတွက်ခြင်း၊ ဆောင်ရန်ရှောင်ရန်အချက်များ၊ မဲပေးခြင်းလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ အကြံပြုချက်များကို စာတွေ့လက်တွေ့ ဆွေးနွေးပို့ချပေးမှာဖြစ်ပြီး သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်များ နှင့်အညီ သင်ကြားပို့ချလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးချစ်ကိုကိုကပြောကြားခဲ့သည်။

 

ကိုကျော် (သုံးခွ)