သုံးခွမြို့၌ သင်္ကြန်ပိတ်ရက်ကာလများအတွင်း ဆွမ်းကိစ္စများ အဆင်ပြေစေရေး ဆွမ်းဆန်တော်များကို ဆက်ကပ်လှူဒါန်းပေး

သုံးခွ ၁၀ ဧပြီ

 

ကိုဗစ်-၁၉ ကူးစက်ရောဂါကင်းဝေးစေရေးနှင့် သင်္ကြန်ပိတ်ရက်ကာလများအတွင်း ဆွမ်းကိစ္စ အခက်အခဲများ မရှိစေရေးအတွက် ရန်ကုန်‌တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်မြို့‌ပေါ်ရှိ ရပ်ကွက် ၁၂ ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ပစ္စည်းများကို ယမန်နေ့နံနက် ၁၁ နာရီမှစတင်ကာ မြို့နယ်အတွင်း၌ ဆက်ကပ်လှူဒါန်းပေးကြောင်း သိရသည်။

 

သုံးခွမြို့‌‌ပေါ် ၁၂ ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၃၅)ကျောင်း၊ သီလရှင်ကျောင်း (၁)ကျောင်း စုစုပေါင်း(၃၆)ကျောင်းရှိ   သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်များ၊ ဆီများဆက်ကပ်လှူဒါန်းခြင်းကို မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးကျော်မျိုးနိုင်နှင့် ဌာနဆိုင်ရာများမှ စု‌ပေါင်းလှူဒါန်းသည့် ဆွမ်းဆန်တော်များနှင့် ဆီများအား ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းတို့တွင် ဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

 

သုံးခွမြို့နယ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ဆွမ်းဆန် (၃၈) အိတ်နှင့် ဆီ ပိဿာ (၁၈၀) တို့အားလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

စည်သူလင်း(ပြန်/ဆက်)