သုဓမ္မာဇရပ်ဟူသည်…..

လူထုဒေါ်အမာ၏ မန္တလေးတောင်ခြေက သုဓမ္မာဇရပ်တန်းအကြောင်းဆောင်းပါးများကို ပြန်လည်ဖတ်ရှုမိ၏။

 

ထို သုဓမ္မာဇရပ်များကိုဆောက်လုပ်သူ၊ ကြီးကြပ်သူစာရင်းများနှင့်တကွ ပရိယတ္တိစာဖြေဌာနအတွက် အသုံးပြုပုံ၊ ဘုရားဖူးများနားခိုပုံ၊ မင်းတုန်းမင်း၏ ကောင်းမှုပြုပုံ၊ ဇရပ်တည်နေရာများကို သမိုင်းအစုံအလင်နှင့် ရေးထားသည့် အတွက် ဗဟုသုတရပါ၏။

 

စာရေးသူက ထိုသုဓမ္မာဇရပ်အကြောင်းများကို ဖတ်ရင်းနှင့်ပင် ကျမ်းဂန်၌ ဖွင့်ပြထားသည့် သုဓမ္မာဇရပ်ကို သတိရမိ၏။ ယခု မန္တလေးတောင်ခြေက သုဓမ္မာဇရပ်များသည်လည်း ထိုကျမ်းဂန်၌ ပါရှိသည့်သုဓမ္မာအမည်ကို ယူသုံးထားခြင်းဖြစ်မည်ဟု ထင်ပါသည်။

 

ကျွန်ုပ်တို့ မြို့တည်ဘုရင်သည် သာသနာပြုမင်းတစ်ပါးဖြစ်သည့်အတွက် ကျမ်းဂန်ပါဠိနှင့် အလှမ်းမဝေးသော ကြောင့် ဖြစ်၏။ ကျမ်းဂန်အဆိုအရ သုဓမ္မာသဘင်သည်  နတ်ပြည် ဗြဟ္မာပြည်တိုင်း၌ ရှိ၏။ သုဓမ္မာဟူသော အမည်တွင်ရခြင်းကား သိကြားမင်း မာဃလုလင်ဘဝ၌ ဇရပ်ဆောက်လုပ်လှူဒါန်း၏။

 

ထိုတွင် အထွဋ်ထုပိကာပြုလုပ်ရန် သစ်သားလိုနေသဖြင့် မာဃလုလင်၏မယားဖြစ်သူမယ်သုဓမ္မာက တစ်တောင်အတိုင်းအရှည်ရှိသော သစ်သားကိုပေးလှူ၍ ဇရပ်ကို ပြီးစေ၏။ ထိုကြောင့် အထွဋ်ထုပိကာ၌ မယ်သုဓမ္မာကောင်းမှုဟူသော စာတမ်းဖြင့် ပေါ်လွင်၏။

 

သုဓမ္မာဇရပ်ဟု အမည်တွင်၏ ကျော်ကြားလေ၏။ ထိုကောင်းမှုကြောင့်တာဝတိံသာ နတ်သဘင်စည်းဝေးရာ ရတနာဇရပ်ပြာသာဒ်ကြီးကိုလည်းသုဓမ္မာ(သဘာ)ဟု ခေါ်တွင်လေ၏။ ဤကား တာဝတိံသာနတ်ပြည်၌ ရှိသော သုဓမ္မာ ရတနာဇရပြ်ပာသာဒြ်ကီး၏ သုဓမ္မာအမည်ရှိပုံတည်းဟု မဟာသုတဒီပနီအတွဲက ကျမ်းအညွန်းနှင့် တကွရေးသားထားလေ၏။

 

တာဝတိံမှတစ်ပါးသော နတ်ပြည်တို့၌ရှိသော သုဓမ္မာသဘင်တို့၏သုဓမ္မာခေါ်ဆိုခြင်းအကြောင်းကို ကျမ်းဂန်တို့၌ မပြချေဟုလည်း ရေးသားထားပြန်၏။

 

သုဓမ္မာပါဠိအဆိုအရ အဓိပ္ပာယ်ဖွင့် ရေးရလျှင်ဖြင့် ကောင်းမြတ်တင့်တယ်သော တရားတော်ကို ဟောကြား ဆွေးနွေးရာဖြစ်သောကြောင့်သုဓမ္မမည်ဟုဆိုသော်သင့်၏။

 

ထိုနောက် သုဓမ္မာသဘင်၏ အတိုင်းအတာပမာဏနှင့် ရတနာခြယ်တို့ဖြင့် ခြံရံထားပြီး အံ့ဩဖွယ်ရှိပုံကိုလည်း တာဝတိံသာနတ်ပြည်၌ တည်ရှိသောသုဓမ္မာသဘင်ကိုသာ ကျမ်းဂန်က ပြဆိုပါ၏။ပါဠိလို သုဓမ္မာ သဘောရေးပြီး မြန်မာပြန်အနေဖြင့် သုဓမ္မာသဘင်တွင်သုဓမ္မာဇရပ်ဟူသည်သော ရတနာဇရပ်ပြာသာဒ်ကြီးသည် အလျားယူဇနာ ၃၀ဝ အနံ ယူဇနာ ၃၀ဝအဝန်းယူဇနာ ၉၀ဝ အမြင့်ယူဇနာ ၅၀ဝ ရှိ၏။

 

(၁) သုဓမ္မာ ဇရပ်ကြီး တည်ရာမြေကား သလင်းကျောက် (ဖာလ်)မြေဖြစ်၏။

 

(၂) မယ်နဟုခေါ်သော သံမှိုကား ပတ္တမြားဖြင့် ပြီးကုန်၏။

 

(၃) တိုင်တို့ကား ရွှေဖြင့် ပြီးကုန်၏။

 

(၄) တိုင်၌ ရှိသော ကြာအိုးတို့ကား ငွေဖြင့် ပြီးကုန်၏။

 

(၅) ထုပ်လျောက်တို့သည်လည်း ငွေဖြင့်ပြီးကုန်၏။

 

(၆) ခြင်္သေ့ ကျားစသော သားရဲရုပ်တို့ကား သ္တာဖြင့်ပြီးကုန်၏။

 

(၇) အခြင်

 

(၈) ခေါင်အုပ်

 

(၉) ခြင်ပိတ်တို့ကား ရတနာမျက်စုံဖြင့် ပြီးကုန်၏။

 

(၁၀) အမိုးကား ဣန္ဒနီလာ (နီလာ) အုတ်တို့ဖြင့်ပြီးကုန်၏။

 

(၁၁) အတွင်းမိုး (မျက်နှာကြက်)ကား ရွှေဖြင့် ပြီး၏။

 

(၁၂) အထွဋ်ထုပီကာသည် ငွေဖြင့် ပြီး၏။

 

တာဝတိံသာ၌ ရှိသော သုဓမ္မာဇရပ်ရတနာပြာသာဒ်၏အကြောင်းကိုမဟာသုတဒီပနီကား ကျမ်းအကိုးနှင့်တကွ အစုံအလင် ရေးသားထားလေ၏။ စာရေးသူတွေးကြည့်မိသည် ယခုလို နတ်ပြည်၌ရှိသော သုဓမ္မာဇရပ်၏ ခမ်းနားကြီးကျယ်ပုံကို အားကျပြီး မြို့တည်၊ နန်းတည် သတ္တဋ္ဌာနထဲမှာ မ္တလေး တောင်ခြေက သုဓမ္မာဇရပ်တန်းကို မင်းတုန်းမင်းတရား ဆောက်လုပ်စေခဲ့တာဖြစ်မည်။

 

နတ်ပြည်တိုင်း၊ ဗြဟ္မာပြည်တိုင်းရှိသော ထိုသုဓမ္မာဇရပ်ကို မန္တလေးတောင်ခြေမှာ နာမည်တူဆောက်လုပ် စေခဲ့သည့် ရည်ရွယ်ချက်သည်လည်းအင်မတန်စံထားဖို့ကောင်းပါ၏။

 

မန္တလေးကို ဘုရားဖူးလာသည့် ဧည့်သည်တော်များ၊ မန္တလေးသူမန္တလေးသားများလည်း သုဓမ္မာဇရပ်၏ အဓိပ္ပာယ်ရှိရှိဆောက်လုပ်အသုံးချခဲ့တာကို ပြည့်စုံစွာ သိခဲ့ရပြီးဖြစ်သည်။

 

ထိ်ု့ကြောင့် ယခုလက်ရှိဇရပ်များနှင့် နောက်တိုးကောင်းမှုရှင်များ၏သုဓမ္မာဇရပ်များကိုမြင်တိုင်း နတ်ပြည် ဗြဟ္မာပြည်တိုင်းရှိသည့် သုဓမ္မာဇရပ်ကိုမြင်ယောင်ပြီး ကုသိုလ်ဖြစ် ကြည်နူးနိူင်ပါစေကြောင်း သုဓမ္မာဇရပ်၏ စံကို ကျမ်းဂန်အသီးသီးကို မျှော်လျက်စာရေးသူတင်ပြပါ၏။
အားလုံး မန္တလေးတောင်ခြေ သုဓမ္မဇရပ်များမှ နတ်ပြည်ရှိ သုဓမ္မာဇရပ်များကို မှန်းဆကြည်နူးနိုင်ပါစေ။

 

သမိုင်း(တံတားဦး)