သတိ အန္တရာယ်ရှိသည် ရုပ်ရှင်ဇာတ်ကား ဇွန် ၂၀ ရက်တွင် ပြသမည်

ရန်ကုန်  ၁၈ ဇွန်

အမှားနှင့် အမှန်ကြားရှိ ကြေးစားလူဆိုးဂိုဏ်းများ၏စရိုက်ကို ပေါ်လွင်အောင် ရိုက်ကူးထားသည့် ''သတိ အန္တရာယ်ရှိသည်'' ရုပ်ရှင်ဇာတ်ကားအထူးပွဲကို ဇွန် ၁၇ ရက် က ရန်ကုန်မြို့ သမ္မတရုံ၌ ပြသခဲ့ပြီး ဇွန်၂၀ တွင် တစ်နိုင်ငံလုံးပြသမည်ဖြစ်ကြောင်း သိရသည်။ 

 

1830

 

ရုပ်ရှင်အထူးပြပွဲတွင် ဒါရိုက်တာ၊ ထုတ်လုပ်သူနှင့် ပါဝင်သည့် သရုပ်ဆောင်များက ကဏ္ဍအလိုက် ကြိုးပမ်းရိုက်ကူးခဲ့ပုံများနှင့် ပတ်သက်၍ အမှတ်တရစကား ပြောကြားကြသည်။ ဒါရိုက်တာ ယုန်လေးက “ဒီဇာတ်ကားကို ဆင်ဆာပိတ်သင့်တဲ့နေရာမှာ ပိတ်ပါတယ်။ အရင်ကလို တစ်ကားလုံး မပိတ်ဘဲနဲ့ အခန်းလေးတွေပဲ ဖြတ်တဲ့အတွက် ဆင်ဆာလူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ယုံယုံကြည်ကြည်နဲ့ ရုံတင်ခွင့်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု အမှတ်တရ စကားပြောကြားသည်။

 

2354

 

သရုပ်ဆောင် ခင်ဝင့်ဝါက “ဒီဇာတ်ကားလေးက ပုံမှန်ရိုက်နေကျ အချစ်ဇာတ်ကားလည်း မဟုတ်ဘူး၊ မောင်နှမ သံယောဇဉ် ၅၂၈ မေတ္တာကို အဓိကထားပြီး ရိုက်ထားတဲ့ အက်ရှင်ကားလေးပါ။ ကိုမြင့်မြတ်တို့ ကိုယုန်လေးတို့ရဲ့ချစ်ရတဲ့ ညီမလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်” ဟု ဆိုသည်။ 

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို Power King ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားပြီး ဒါရိုက်တာ ယုန်လေး၊ သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်၊ ခင်ဝင့်ဝါနှင့် ယုန်လေး၊ Kညီ၊ အောင်လေး၊ တိုင်ရွန်၊ ဘိုချမ်း နှင့် သရုပ်ဆောင်များစွာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 

ကေတီ