Stay at home အစီအစဉ်တွင် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမား၊ ဝန်ထမ်းများအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ဆက်လက်ခွင့်ပြုထုတ်ပေးလျက်ရှိ

နေပြည်တော်    ၃  နိုဝင်ဘာ 

COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Stay at home အစီအစဉ်တွင် အကျုံးဝင်သော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမား များအား လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်းကို ဘုတ်အဖွဲ့ဖြင့် စိစစ်ခွင့်ပြုလျက်ရှိရာ စိစစ်ရေးဘုတ် အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀ မှ ၁၄/၂၀၂၀ အထိ) အရ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန (၁,၇၆၅) ဌာနမှ အာမခံအလုပ်သမား (၂၄၄,၆၇၀)အတွက် ထောက်ပံ့ငွေကျပ် (၁၆,၄၁၇ ဒသမ ၇၄၇)သန်းအား သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ အောက်တိုဘာ ၅ ရက်မှစ၍ ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ စိစစ်ရေးဘုတ်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၅/၂၀၂၀ မှ ၂၄/၂၀၂၀ အထိ) တို့အရ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန (၁,၆၁၂) ဌာနမှ အာမခံအလုပ်သမား (၂၆၁,၉၁၂) ဦး အတွက်ထောက်ပံ့ ငွေကျပ် (၁၅,၉၇၇ ဒသမ ၀၃၃) သန်း အား သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ ခွင့်ပြုထုတ်ပေးခဲ့ပြီး၊ စာရင်းအသေးစိတ်ကို သက်ဆိုင်ရာလုပ်ငန်းဌာနများသို့ အကြောင်းကြားပြီး သည့်အပြင် ဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့တို့၏ Website တို့တွင်လည်း ကြေငြာထားပြီး၊ UMFCCI နှင့် အလုပ်သမားသမဂ္ဂများ ထံသို့လည်း  အချိန်နှင့်တပြေးညီပေးပို့ထားပြီး ဖြစ်သည်။ 

ယနေ့အထိ Stay at home အစီအစဉ်တွင် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန စုစုပေါင်း (၃,၃၇၇) ဌာန မှ အာမခံအလုပ်သမား (၅၀၆,၅၈၂) ဦး အတွက် ထောက်ပံ့ငွေကျပ် (၃၂,၃၉၄ ဒသမ ၇၈၀) သန်းအား ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်တောင်းခံလွှာများကိုလည်း ဆက်လက်စိစစ်၍ ထုတ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်