သရုပ်ဆောင် ယဉ်လတ် ၏ ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကြီးအတွက် အကယ်ဒမီရန်ခုန်သံ

ရင်ကတော့ ခုန်တာပေါ့နော်၊ ဒါပေမဲ့ အလွန်ကြီးလည်း မခုန်ရဲပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်မှာ တကယ် အရည်အချင်းရှိတဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေ၊ ကိုယ်လေးစားအားကျရတဲ့ သရုပ်ဆောင်တွေ အများကြီးရှိတယ်၊  ဇာတ်ပို့ထဲမှာလည်း အရမ်းကောင်းတဲ့ အရမ်းတော်တဲ့သူတွေ ရှိတဲ့အခါကျတော့ မှန်းလည်း မမှန်းရဲဘူး၊ ရင်လည်း မခုန်ရဲသေးပါဘူး၊ ညီမကို ရစေချင်တဲ့ ပရိသတ်ကြီးကို ကျေးဇူးအများကြီး တင်ပါတယ်လို့ အလွန်ကြီးလည်း မမျှော်လင့်ထားပါနဲ့လို့ ပြောချင်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အမြဲတမ်းအကောင်းဆုံး ကြိုးစားသွားပါမယ်။

 

ခင်ဇာလီ