သရုပ်ဆောင် ထွန်းထွန်း ၏ ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကြီးအတွက် အကယ်ဒမီရန်ခုန်သံ

ကျွန်တော်သွားကြည့်ခဲ့တဲ့ ဇာတ်ကားတွေ အနေအထားအရ ပြောရမယ်ဆိုရင် ရသင့်ရထိုက်တဲ့သူ အများကြီး တွေ့ရတယ်၊ ကိုနေတိုးဆိုလည်း တာတေကြီးရော၊ ထာဝရအမေရော၊ အခြားဇာတ်ကားတွေလည်းရှိတယ်၊ ဒီနှစ်မှာဇာတ်ကား အရေအတွက်ကလည်း ၅၃ ကားဆိုတော့ ကျွန်တော်တို့ အနုပညာညီအစ်ကိုတွေရဲ့ ဇာတ်ကားတွေလည်း အများကြီးပါပဲ၊ ကိုမြင့်မြတ်တို့၊ ကိုပြေတီဦးတို့ ဇာတ်ကားတွေလည်း အများကြီးဆိုတော့ တကယ်ကို ပျော်စရာကြီးပါပဲ၊ အမျိုးသမီးထဲကဆို မအူဝဲဆိုလည်း အားလုံးက ရစေချင်ကြတယ်၊ မဆင့်ဆိုလည်း ရစေချင်ကြတယ်၊ အကုန်လုံး ဖြစ်သင့်ဖြစ်ထိုက်တဲ့၊ ရသင့်တဲ့သူတွေ အကုန်လုံး ရသွားမယ်လို့ ယုံကြည်ထားပါတယ်၊ ရင်ခုန်စရာလည်း အရမ်းကောင်းပါတယ်။

 

ခင်ဇာလီ