သရုပ်ဆောင် ဟိန်းမင်း ၏ ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကြီးအတွက် အကယ်ဒမီရန်ခုန်သံ

အကယ်ဒမီအတွက် ရင်ခုန်ပေမယ့် သိပ်လည်းမခုန်ရဲဘူး၊ ရရင်တော့ကောင်းတာပေါ့၊ မရရင် စိတ်သောက ရောက်မယ်၊ အဲဒီတော့ ကိုယ့်စိတ်ကိုယ် တည်ငြိမ်အောင် ထားထားတယ်၊ ရရင်တော့ အတိုင်းမသိ ဝမ်းသာမိမှာပါ၊ လောလောဆယ်တော့ ပရိသတ်တွေအားလုံးက ပေးတဲ့ဆုကို ရထားတယ်၊ ပရိသတ်တွေ အားလုံးက ဦးဟိန်းမင်းကို ရစေချင်သလို ကိုယ့်အနုပညာ အသိုင်းအဝိုင်း အကုန်လုံးကလည်း ရစေချင်တယ်၊ ဒါပေမဲ့ ကိုယ်လိုချင်တိုင်းလည်း ရချင်မှရတာ၊ ကံတရားနဲ့လည်း ဆိုင်တယ်၊ အဲဒီအတွက် အများကြီးတော့ မမျှော်လင့်ထားပါဘူး။

 

ခင်ဇာလီ