သရုပ်ဆောင် အိန္ဒြာကျော်ဇင် ၏ ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကြီးအတွက် အကယ်ဒမီရန်ခုန်သံ

ရင်ဘတ်ထဲကဓားက အူဝဲကိုယ်တိုင်လည်း အားရတယ်၊ ဒီဇာတ်ကားက အူဝဲအတွက် လုပ်ကွက်လည်း ရခဲ့တဲ့ ဇာတ်ကားတစ်ကားပါ၊ အူဝဲအနေနဲ့ကတော့ ကိုယ်ကြိုးစားထားတာလေးကို အရာထင်ချင်ပါတယ်၊ ကိုယ်တကယ်ကို အစွမ်းကုန် ကြိုးစားထားတယ်၊ နောက်တစ်ခုက ကိုယ့်ကို အကယ်ဒမီ အလွန်ရစေချင်တဲ့ ပရိသတ်တွေအတွက် ရချင်ပါတယ်၊ အဲဒီလို ခံစားချက်တော့ရှိတယ်။

 

ဒါပေမဲ့လည်း အကယ်ဒမီနဲ့ ပတ်သက်လို့ အူဝဲတို့ ဆုံးဖြတ်လို့လည်း မရဘူး၊ ပြောလို့လည်း မရပါဘူး၊ သူ့အချိန်တန်မှပဲ သိရမှာပါ၊ လောလောဆယ်မှာတော့ ပရိသတ်တွေက ကိုယ့်ကိုအကယ်ဒမီ အလွန်ရစေချင်တဲ့စိတ်၊ ကိုယ့်အနုပညာသမားတွေရဲ့ ကိုယ့်အပေါ်ရစေချင်တဲ့ စိတ်တွေ တွေ့နေရတာနဲ့တင် ကျေနပ်တယ်၊ ပျော်တယ်၊ အလွန်လည်း ကျေးဇူးတင်ပါတယ်၊ အဲဒါနဲ့တင် အူဝဲအတွက် လုံလောက်နေပါပြီ။

 

ခင်ဇာလီ