သရက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နှိုင်ရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေ

သရက် ၁၄ ဧပြီ  

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မင်းတုန်းလမ်း  အ.ထ.က(၁) ရှေ့တွင် ယနေ့နံနက် ၁၀ နာရီက ခရီးသွားပြည်သူများကို  နှာခေါင်းစည်း(Mask) များပေးဝေပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ပြောကြားပေးခဲ့သည်။

လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံမြင့်၊ မြို့နယ်ကျန်းမာရေးမှူး ဦးသိန်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်၍ Mask များ ပေးဝေခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)