သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သရက်    ၂၅   အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သည့်  အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများကို ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီက ရေဘွက်ကျေးရွာနှင့် ဘော်ကျေးရွာတို့တွင် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို သရက်ခရိုင်ပြည်သူ့ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာ ရေးဌာနခွဲမှ ဝန်ထမ်းများက  သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သည့်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး အဓိက သတင်းစကား (၈)ချက်အားအသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သောက်သုံး ရေကန်များ၊ ရေအိုး၊ ပန်းအိုးများအား အဘိတ်ဆေးခတ်ခြင်း၊ ပိုးလောက်လန်းဘဝမှ ခြင်ဖြစ်မလာစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း နှင့် ခြင်ခိုအောင်းနိုင်သည့်နေရာများတွင် ခြင်ဆေးဖျန်း ခြင်းလုပ်ငန်းများပြုလုပ်ခဲ့သည်။

 

အလားတူ  သရက်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း  ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ် ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အဖွဲ့များခွဲ၍ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း ဌက်ဖျားတိုက်ဖျက်ရေးဌာနမှ လက်ထောက်ဌက်ဖျားမှူး ဦးကျော်ထွန်း ထံမှ သိရသည်။

 

ဇော်ဝမ်းထွန်း(အောင်လံ)