သရက်မြို့၌ Mask Campaign ပြုလုပ်

သရက် ဇူလိုင်   ၁၈

 

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ နေအိမ်ပြင်ပထွက်သူတိုင်း Mask တပ်ဆင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားသည့် ရုံးရက်ရှည်ပိတ်ရက်အတွင်း နေအိမ်ပြင်ပထွက်ခွာသူ များအား စည်းကမ်းချက်များ လိုက်နာမှုရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းများကို စည်ပင်သာယာမြို့မ ဈေးနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တို့တွင် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

 

အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တရားဝင်ထုတ်ပြန်ထားသည့် ဇူလိုင် ၁၇ ရက်မှ ၂၅ ရက်အထိ မလိုအပ်ဘဲ နေအိမ်ပြင်ပထွက် ခွာခြင်းမပြုဘဲ မိမိအိမ်တွင်သာနေထိုင်ရန် အသိပညာပေးခြင်း၊ အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာပါက ဒဏ်ရိုက်ခြင်းများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာန ဆိုင်ရာများ ပူးပေါင်း၍ ရုံးပိတ်ရက်ရှည်ကာလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်ဝမ်းထွန်း(အောင်လံ)