မင်းတုန်း ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဩဂုတ် ၁၁ ရက်က ကျောက်ကြီးကျေးရွာ ကျေးလက် ကျန်းမာရေးဌာနတွင် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ကျန်မာရေးဝန်ထမ်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် လူဦးရေ ၆၁၀၀ ကို ကာကွယ်ဆေးထိုးနှံရန် စီစဉ်ထားပြီး ရာသီဥတု အခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် မိုဘိုင်းအဖွဲ့ဖြင့် ဩဂုတ် ၁၁ ရက်အထိ လူဦးရေ ၃၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးပေးပြီး ဖြစ်သည်။ 

ဆက်လက်ပြီး လမ်ပန်းဆက်သွယ်ရေးခက်ခဲသော ကျေးရွာများကိုလည်း အမြန်ဆုံး ကာကွယ်ဆေး ထိုးပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မင်းတုန်း (ပြန်/ဆက်)