သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ

သရက်ချောင်း  ၂၇  ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာ အုပ်စု (၃၉) အုပ်စုတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေး ၀န်ထမ်းများ၊ မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ၀န်ထမ်းများ စုစုပေါင်း (၁၆၂)ဦးကို ပထမအကြိမ် စတင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

မျိုးချစ်ဦး(ပြန်/ဆက်)