Spiderman ရုပ်ရှင်သစ်မှာ ပါဝင်မှာမဟုတ်ကြောင်း အန်ဒရူးဂါးဖီး ပြောကြား

၈ မေ

 

လူစွမ်းကောင်း ဇာတ်ကောင်တစ်ခုဖြစ်တဲ့ ပင့်ကူလူသား Spiderman အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ မင်းသား အန်ဒရူးဂါးဖီးအနေနဲ့ လာမယ့်ရုပ်ရှင်သစ်မှာ ပါဝင်သွားမှာဖြစ်ကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့ပြီးနောက် အဆိုပါ သတင်းတွေ မှန်ကန်မှုမရှိကြောင်း အန်ဒရူးဂါးဖီးက ထုတ်ဖော်ပြောကြားခဲ့တယ်လို့ အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

မာဘယ်စတူဒီယိုကထုတ်လုပ်သွားမယ့် ရုပ်ရှင်သစ်တွေအတွက် ထုတ်လွှင့်ပေးမယ့်ရက်တွေကို လတ်တလောမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ရုပ်ရှင်တွေအနက် ပရိသတ်အများစောင့်မျှော်နေတဲ့ Spiderman ရုပ်ရှင်လည်း ပါဝင်ခဲ့ပါ။ Spider-Man: No Way Home လို့ အမည်ပေးထားတဲ့ အဆိုပါ ရုပ်ရှင်သစ်ကို လာမယ့် ဒီဇင်ဘာ ၁၇ ရက်မှာ ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

မာဘယ်က ထုတ်လုပ်တဲ့ တတိယမြောက် Spiderman ရုပ်ရှင် ထုတ်လွှင့်မယ့်ရက်ကြေညာခြင်းနဲ့အတူ အဆိုပါ ရုပ်ရှင်သစ်မှာ အန်ဒရူးဂါးဖီးပါဝင်မှာဖြစ်ကြောင်း ကောလာဟလတွေပါ ပေါ်ထွက်လာခဲ့ပါတယ်။ အချို့သော မီဒီယာတွေကအဆိုပါကောလာဟလတွေကိုရေးသားဖော်ပြ ခဲ့ကြပေမယ့် အန်ဒရူးဂါးဖီးကတော့ သူ့အနေနဲ့ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရခြင်းမရှိဘူးလို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

 

ဘာသာပြန် - အေးပြည့်