သံတောင်ကြီး၌ တညင်းသီးများ ဈေးကောင်းရရှိ

သံတောင်ကြီး     မေ     ၂၇

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် မေလ စတုတ္ထပတ်မှ စတင်ကာ တညင်းသီးများ ဆွတ်ခူးခဲ့ပြီး ပေါ်ဦးပေါ်စဖြစ်သည့်အတွက် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တညင်းပင်များမှာ နှစ်ရှည်ပင်များဖြစ်ပြီး စိုက်ပျိုးပြီး (၇)နှစ်ခန့်တွင် အသီးများ စတင်ခူးဆွတ်နိုင်ပြီး အချို့အပင်ကြီးများမှာ အမြင့်ပေ ၄၀ ခန့်၊ ပင်စည်လုံးပတ် ငါးပေခန့်အထိ ရှိသည်။ တညင်းပင်များမှာ ဥယျာဉ်ခြံများအတွင်းတွင် သဘာဝအတိုင်း ပေါက်ရောက်ခြင်းရှိသကဲ့သို့ စိုက်ပျိုးခြင်းများလည်း ရှိသည်။ သံတောင်ကြီးဒေသထွက် တညင်းသီးများကို တောင်ငူမြို့ရှိ တညင်းသီး အဝယ်ဒိုင်များထံသို့ သွားရောက် ရောင်းချပြီး တညင်းသီး တစ်ပုံးလျှင် ငွေကျပ် ၃၀၀၀၀ မှ ၃၂၀၀၀ အထိ ရရှိကြောင်း တညင်းစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

 

နော်နော်မူ