သံတောင်ကြီးမြို့ပေါ် ရပ်ကွက်များအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

သံတောင်ကြီး ၂၇ ဇူလိုင်

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော် အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ရပ်ကွက်အသီးသီးရှိ အုပ်ချုပ်ရေးမှူးရုံးများ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်ရာတွင် အမှတ်(၁)ရပ်ကွက်မှ အိမ်ထောင်စု(၃၅၆)စု၊ အမှတ်(၂)ရပ်ကွက်မှ အိမ်ထောင်စု (၁၇၄)စု၊ အမှတ်(၃) ရပ်ကွက်မှ အိမ်ထောင်စု(၄၂၄)စု၊ အမှတ်(၄)ရပ်ကွက်မှ အိမ်ထောင်စု(၆၈)စု၊ အမှတ်(၅)ရပ်ကွက်မှ အိမ်ထောင်စု (၂၂)စုတို့အား အိမ်ထောင်စုတစ်စုလျှင် နှစ်သောင်းကျပ်ဖြင့် အိမ်ထောင်စုပေါင်း (၁၀၄၄)စုအတွက် ကျပ် ၂၀၈၈၀ဝ၀ဝ ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ်စထွန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများထံပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)