သံတောင်ကြီးမြို့၌ တိုင်းရင်းသားစာပေ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ် သံတောင်ကြီး မြို့နယ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တိုင်းရင်းသားဘာသာ သင်ကြား နေသော အခြေခံပညာကျောင်း ၂၄ ကျောင်းမှ စကောကရင်စာပေနှင့် ဘွဲကရင် စာပေစွမ်းရည်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သံတောင်ကြီး (အထက) ကျောင်းရှိ မိုးလုံလေလုံ အားကစားရုံအတွင်း၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ နယက နော်လဲဒါက အဖွင့်အမှာစကား ပြောကြားသည်။ ဝင်ရောက်ယှဉ်ပြိုင် ယင်းနောက် ပြိုင်ပွဲကို စတင်ကျင်းပရာ စကောကရင်စာပေ ကဗျာရွတ်ပြိုင်ပွဲတွင် Grade(1) (2) မှ ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ကိုးဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး၊ Grade (3) (4) (5) ပြိုင်ပွဲတွင် ၁၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း၊ Grade(6) (7) ပြိုင်ပွဲတွင် ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး၊ Grade(9) (10)ပြိုင်ပွဲတွင် ၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ဘွဲကရင် စာပေစွမ်းရည်ပြိုင်ပွဲတွင် ကဗျာသရုပ်ဖော်ပြိုင်ပွဲ၌ Grade(1) အဆင့် ပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၆ ဦး၊ Grade (2) စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ဘွဲ့စာပေ အရေးပြိုင်ပွဲတွင် ၁၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)