သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

သံတွဲ ဇူလိုင် ၃၀

သံတွဲခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဇူလိုင် ၃၀ ရက်  နံနက်ပိုင်းက သံတွဲမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက်(၆၅)နှစ် အထက်ပြည်သူများ၊ စေတနာ့ဝန်ထမ်းများအား သီတဂူစက္ခုဒါန မျက်စိဆေးရုံတွင် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များပူးပေါင်းပြီး ထိုးနှံပေးခဲ့ကြောင်းသိရသည်။

သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင် ၃၁ ရက်တွင်လည်း နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီထိ သီတဂူစက္ခုဒါနမျက်စိဆေးရုံတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဇူလိုင် ၃၀ ရက်တွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၂၁၀ ရှိကြောင်း ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းထွန်းထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)