သံတွဲမြို့နယ်၊ အောက်နန်းချောင်းကျေးရွာ၌ အိမ်လေးလုံး မီးလောင်ဆုံးရှုံး

သံတွဲ   ဇန်နဝါရီ   ၁၄

 

သံတွဲမြို့နှင့် နှစ်မိုင်ခန့်အကွာရှိ အောက်နန်းချောင်းကျေးရွာတွင် ဇန်နဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက အိမ်လေးလုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ သံတွဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းထွန်းဦး ဦးဆောင်သည့် တပ်ဖွဲ့ဝင်၂၁ ဦးသည် မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ကျေးရွာရှိ ပြည်သူများနှင့် အတူ ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ အောက်နန်းချောင်းကျေးရွာရှိ ဒေါ်ခင်အေး အသက်(၆၀)၏ အလျားပေ ၆၀၊ အနံ ၁၅ပေ၊ အမြင့် ၁၈ ပေရှိ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်၏ ဝါးထရံတွင် ကပ်၍သွယ်တန်းထားသော နှစ်ပင်လိမ် လျှပ်စစ် ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းနေအိမ်မှ ဆက်၍ အခြားနေအိမ် လေးလုံးကိုပါ ကူးစက်လောင်ကျွမ်းခဲ့ရာ စုစုပေါင်း နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ၂၄၃၀၀၀ သိန်းခန့် ဆုံးရှုံးခဲ့သဖြင့်  မီးစတင်လောင်ကျွမ်းသည့် အိမ်ရှင် ဒေါ်ခင်အေးအား အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)