သံတွဲအကျဉ်းထောင်ရှိ အကျဉ်းသား/အကျဉ်းသူ / အချုပ်သား (၄၃)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

သံတွဲ       သြဂုတ် ၅

 

သံတွဲခရိုင်၊သံတွဲမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်  ထိန်းချုပ်နိုင်ရေးအတွက်   ကိုဗစ်-၁၉ကာကွယ်ဆေး မထိုးနှံရသေးသည့် သံတွဲအကျဉ်းထောင်ရှိ အကျဉ်းသား/အကျဉ်းသူ / အချုပ်သား (၄၃)ဦး တို့အား ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို သြဂုတ်(၅)ရက် နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီခွဲအထိ  သံတွဲအကျဉ်းထောင်တွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

 

ထိုသို့ထိုးနှံရာတွင် ပထမအကြိမ်ကာကွယ်ဆေးမထိုးနှံရသေးသည့်  အချုပ်သား (၁၈)ဦး၊ အချုပ်သူ (၁)ဦး ၊ အကျဉ်းသား ( ၂၁) ဦး ၊ အကျဉ်းသူ (၃)ဦး ၊စုစုပေါင်း (၄၃) ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။

 


ယခုထိုးနှံပေးလျက်ရှိသောကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော Sino pharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၂)ဦးထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါ ဆေးထိုးခြင်း လုပ်ငန်းကို  ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးဝင်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင် ၊ သံတွဲအကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး၊ ကျန်းမာရေးမှူး ဦးအောင်နေလင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်