သံရွာကျေးရွာ (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကျောက်ဆည်   ၂၇  ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သံရွာကျေးရွာ (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်း သန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သစ်ပင်ချုံနွယ်များရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ သံရွာကျေးရွာ (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံသို့ သံရွာ၊ ပေါင်းလောင်းကြီး၊ ပေါင်းလောင်းလေး၊ ပုန်းညှက်၊ နောင်ခမ်း၊ သဂ်တုံကျေးရွာများမှ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ရာတွင် အများဆုံးလာရောက် ပြသလျက်ရှိကြောင်း တာဝန်ခံဆရာဝန် ဒေါက်တာသက်ဇော် ထံမှ သိရသည်။

 

တင်တင်ထွေး(ပြန်/ဆက်)

 

9875612