သန်လျင်၌ အငှားယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား လူထိခိုက်မှုမရှိ

ရန်ကုန် ၂၃ သြဂုတ် 


ရန်ကုန်တောင်ပိ်ုင်းခရိုင်၊ သန်လျင်မြို့၊ ၆ လမ်းသွား လမ်းမကြီး၌ သြဂုတ် ၂၂ ရက် ည ၉ နာရီ မိနစ်ခွဲခန့်က အငှားယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ သန်လျင်မြို့ ၆ လမ်းသွား လမ်းမကြီးအတိုင်း သီလဝါဘက်မှ ဒဂုံ(ဆိပ်ကမ်း)ဘက်သို့ ယာဉ်မောင်း ဦးကျော်ဇောထွန်း (၃၀)နှစ်၊ ဘုရားကုန်းကျေးရွာ၊ သန်လျင်မြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် YGN BB --- Toyota Caldina (အဖြူရောင်) အငှားယာဉ်သည် သနပ်ပင်ကျေးရွာ၊ ၆ လမ်းသွားလမ်းမကြီး၊ မိုင်တိုင် (၂/၁) ဘော့ချောင်းတံတားအနီးအရောက်တွင် ဘတ္ထရီခေါင်းချောင်ရာမှ မီးပွားထွက်၍ ဝါယာကြိုးအပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ထိုသို့ မီးလောင်မှုဖြစ်ပွားရာသို့ သန်လျင်မြို့မရဲစခန်းမှ ဒုရဲမှူး စိုးဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ သန်လျင်မြို့နယ် မီးသတ်စခန်းမှ ဒုတိယ မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်၍ မီးငြိမ်းသတ် ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၉)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀)နှင့် ယာဉ်မောင်းအပါအဝင် ပြည်သူများက  ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၁၀ နာရီ ၁၁ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုကြောင့် ကားအင်ဂျင်ခန်း၊ ဒတ်ရှ်ဘုတ်၊ ကူရှင်များ၊ တာယာ (၄)လုံး နှင့် ကားဘောဒီဆေးများ မီးလောင်ခံရကာ လူထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်းနှင့် မီးလောင်မှုအား သန်လျင်မြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


သက်ခိုင် (သန်လျင်)