သံလွင်မြစ်အတွင်း တရားမဝင် ပိတောက်ခွဲသားများအား စက်လှေ(၇)စီးနှင့်အတူ ဖမ်းဆီးရမိ

မော်လမြိုင်  ၂၁  ဇွန် 

 

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ် CMRS ဖြင့် သတင်းပေးပို့ချက်အရ ယနေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ သံလွင်မြစ်အတွင်း ဖားအောက်ချောင်းပေါက်ဝအနီးတွင် “တိုးတက်ဝင်း”နှင့် “ရတနာမေ”အမည်ရှိ စက်လှေကြီး(၂)စင်းနှင့် ကဲ့လှေ(၅)စီးတို့အား တရားမဝင်ပိတောက်ခွဲသား ခန့်မှန်းတန်ချိန် (၃၀ဝ) ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများမှ ရေထဲသို့ခုန်ချထွက်ပြေးသွားသဖြင့် ဆက်စပ်ပတ်သက်သော ပြစ်မှုကျူးလွန်သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဉီးစီးဌာန မှ သိရသည်။

 

MDN

 

4643821_2