သန်လျင် အ.ထ.က(၂) မှ ထူးချွန်ကျောင်းသား ကျောင်းသူများ စင်ကာပူနိုင်ငံ လေ့လာရေးခရီးမှ ပြန်လည်ရောက်ရှိ

သန်လျင် ၂၆ သြဂုတ်

 

သန်လျင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသားကျောင်းသူ (၃)ဦး တို့သည် သြဂုတ် (၂၆)ရက် ညနေပိုင်းတွင် စင်ကာပူနိုင်ငံ၌ တစ်ပတ်ကြာ လေ့လာရေးခရီးမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ သန်လျင် အ.ထ.က(၂)မှ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးဌေးဝင်း၊ ဒုဥက္ကဋ္ဌများ ဖြစ်ကြသော ဦးအောင်ကျော်ဝင်း နှင့် ဦးသန်းထွဋ်၊ ကျောင်းအုပ်ဆရာကြီး ဦးအေးမောင် နှင့် ဆရာမများ၊ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။ 

 

သန်းဝင်း(သန်လျင်)