သန်လျင် အထွေထွေရောဂါကုဆေးရုံကြီးသို့ ဆေးရုံသုံးပစ္စည်းများ လှူဒါန်း

သန်လျင်၊  ၁၇  ဒီဇင်ဘာ

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ Betagro(Myanmar) Co.Ltd မှ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် အဆိုပါဆေးရုံကြီး၌ ကျင်းပခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်က ကိုဗစ်ကာလတွင် ဆေးရုံကြီးမှ ကာကွယ်ကုသပေး လျက်ရှိသည့် ကုသရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး Betagro(Myanmar) Co.Ltd မှ တာဝန်ရှိသူက လှူဒါန်းရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် သန်လျင်အထွေထွေရောဂါကု ဆေးရုံကြီးတွင် တက်ရောက် ဆေးဝါးကုသမှုခံယူလျက်ရှိသော လူနာများအတွက် ကျပ် ၁၃၆၆၃၈၇၅ တန်ဖိုးရှိ အသက်ရှူအထောက်အကူပြုစက် အပါအဝင် ကိုဗစ် အထောက်အကူပြု ဆေးရုံသုံးပစ္စည်း (၁၂)မျိုးကို လှူဒါန်းရာ  ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်က လက်ခံရ ယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

သန်လျင်မြို့နယ်တွင် ယနေ့ထိ ကိုဗစ်-၁၉ အတည်ပြုပိုးတွေ့လူနာ ၂၄၄၈ ဦး၊ သေဆုံးသူ ၄၇ ဦးရှိပြီး ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများကို တာဝန်ရှိသူများ ပူးပေါင်း၍ အရှိန်မြှင့်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

သန်းဝင်း(သန်လျင်)