သင်းခွေချပ်တန်ချိန် ၃၀ ဖမ်းဆီးရရှိကာ မလေးရှားစံချိန်တင်

ကွာလာလမ်ပူ ၁၃ ဖေဖော်ဝါရီ

တရုတ်နိုင်ငံနှင့် ဗီယက်နမ်အပါအဝင် နိုင်ငံအများအပြားတို့တွင် သင်းခွေချပ်၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို တိုင်းရင်းဆေးဝါးများ ဖော်စပ်ထုတ်လုပ်ရန်အတွက် ဈေးကြီးပေး၍ ဝယ်နေယူမှုများ ရှိနေချိန်တွင် မလေးရှားအာဏာပိုင်များသည် သင်းခွေချပ်များနှင့် အမေရိကန်ဒေါ်လာ နှစ်သန်းခန့်တန်ဖိုးရှိသည့် သင်းခွေချပ်အကြေးခွံ စုစုပေါင်း တန်ချိန် ၃၀ ခန့်ကို စီးနင်းရှာဖွေမှုများအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ပြောပြချက်အရ ရှာဖွေဖမ်းဆီးမှုတွင် အအေးခန်းသုံးခုအတွင်း သင်းခွေချပ်များ အပြည့်ထည့်ထားသည့် သေတ္တာပေါင်း ၁၈၀ဝ ခန့်၊ အအေးခန်းခြောက်ခုအတွင်း၌ ထည့်ထားသည့် သေဆုံးပြီးသင်းခွေချပ် ၅၇၂ ကောင်၊ လှောင်အိမ်အတွင်း၌ သင်းခွေချပ်အရှင် ၆၁ ကောင်နှင့် သင်းခွေချပ်အကြေးခွံ ၃၆၁ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရှေ့တောင်အာရှနိုင်ငံများသည် ပိုင်နက်ကျူးကျော်ကာ သားရဲတိရ္ဆာန်များအား ခိုးဖမ်းမှုနှင့် သင်းခွေချပ်များအား မှောင်ခိုရောင်းဝယ်မှုကို တိုက်ဖျက်မှုများ လုပ်ဆောင်လျက်ရှိသည်။ သင်းခွေချပ်များသည် ကမ္ဘာပေါ်၌ တရားမဝင်ဖမ်းဆီးရောင်းချမှု အများဆုံး နို့တိုက်သတ္တဝါ ဖြစ်လျက်ရှိသည်။ ဆာဘာပြည်နယ်ရှိ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အာဏာပိုင်များသည် ပြီးခဲ့သည့် ကြာသပတေးနေ့က ကုန်လှောင်ရုံတစ်ခုနှင့် စက်ရုံတစ်ရုံကို စီးနင်းရှာဖွေမှု ပြုလုပ်ခဲ့ကြောင်း ဒေသရဲတပ်ဖွဲ့ အကြီးအကဲ အိုမာ မာမတ်ကပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က စက်ရုံကိုကြီးကြပ်နေသည့် သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်းသိရသည်။

အေအက်ဖ်ပီ