SMM 3rd Asian '' Asia World Foundation ''Men's U-23  Volleyball Championship ပြိုင်ပွဲများဆက်လက်ကျင်းပ

နေပြည်တော် ၅ သြဂုတ်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် SMM 3rd Asian ''Asia World Foundation '' Men's U-23 Volleyball Championship ပြိုင်ပွဲအား ယနေ့နံနက် (၁၁) နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) နှင့် (C ) တို့၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ယနေ့ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ သီရိလင်္ကာအသင်းနှင့် ဟောင်ကောင် အသင်းတို့ယှဉ်ပြိုင်ကစားကြရာ (၂၅-၁၇)မှတ်၊ (၂၅-၂၂)မှတ်၊ (၂၅-၂၂)မှတ်ဖြင့် လည်းကောင်း၊ သြစတေးလျအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ(၂၄-၂၆)မှတ်၊ (၂၃-၂၅)မှတ်၊ (၂၅-၁၇)မှတ်၊ (၂၇-၂၅)မှတ်၊ (၁၅-၁၀)မှတ်ဖြင့် လည်းကောင်း အနိုင်ရရှိကြသည်။

ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C )၌  တရုတ်အသင်းနှင့် နယူးဇီလန်အသင်းတို့ ယှသ်ပြိုင် ကစားကြရာ (၂၅-၁၃)မှတ်၊ (၂၅-၁၁)မှတ်၊ (၂၅-၁၀) မှတ် ဖြင့်လည်း ကောင်း၊ ါ့ကစ္စ တန်အသင်းနှင့် တရုတ်(တိုင်ပေ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ(၂၀-၂၅)မှတ်၊ (၂၅-၁၈) မှတ်၊ (၂၅-၁၈)မှတ်၊ (၂၅-၁၇)မှတ် ဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။

ယင်းနောက် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ထိုင်းအသင်းနှင့် အိန္ဒိယအသင်း၊ ကာတာ အသင်း နှင့် ဘာရိန်းအသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဂျပန်အသင်းနှင့် ဗီယက်နမ်အသင်း၊ ကာဇက် စတန် အသင်းနှင့် ဆော်ဒီအာရေးဘီးယားအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြကြောင်း သိရသည်။

အဆိုပါ SMM 3rd Asian ''Asia World Foundation '' Men's U-23  Volleyball Championship  ပြိုင်ပွဲကို သြဂုတ်- ၁၁ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) နှင့် (C) တို့၌ နေ့စဉ်နံနက် (၁၁)နာရီမှ စတင်၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘော်လီဘောအားကစားကို စိတ်ပါဝင်စားသူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)