SMM 3rd Asian ''Asia World Foundation'' Men's U-23 Volleyball Championship ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော် ၁၀ ဩဂုတ်


မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် SMM 3rd Asian ''Asia World Foundation'' Men's U-23 Volleyball Championship ပြိုင်ပွဲအား ယနေ့နံနက် (၁၁)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)နှင့် (C)တို့၌ ဆက်လက်ကျင်းပသည်။
    

ယနေ့ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ နိုင်ငံအဆင့်သတ်မှတ်ချက် (၅)မှ (၈)အတွင်း တရုတ်အသင်းနှင့် သီရိလင်္ကာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၂၅-၂၁)မှတ်၊ (၂၅-၂၁)မှတ်၊ (၂၃-၂၅)မှတ်၊ (၂၅-၂၃)မှတ်ဖြင့် လည်းကောင်း၊ ကာဇက်စတန်အသင်းနှင့် ဩစတေးလျအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၂၅-၂၂)မှတ်၊ (၁၄-၂၅)မှတ်၊ (၂၅-၂၃)မှတ်၊ (၂၅-၂၂)မှတ် ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားသည်။ 
    

ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ နိုင်ငံအဆင့်သတ်မှတ်ချက် (၁၅)မှ (၁၆)အတွင်း  ဆော်ဒီအာရေးဘီးယားအသင်းနှင့် နယူးဇီလန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၂၅-၁၄)မှတ်၊ (၂၅-၂၀)မှတ်၊ (၂၅-၂၀)မှတ်ဖြင့်လည်းကောင်း၊ နိုင်ငံအဆင့်သတ်မှတ်ချက် (၁၃)မှ (၁၄)အတွင်း ကာတာအသင်းနှင့် ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၂၅-၁၆)မှတ်၊ (၂၄-၂၆)မှတ်၊ (၂၅-၂၂)မှတ်၊ (၂၅-၂၀)မှတ် ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားသည်။
    

ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ နိုင်ငံအဆင့်သတ်မှတ်ချက် (၁)မှ (၄)အတွင်း ဂျပန်အသင်းနှင့် တရုတ်(တိုင်ပေ)အသင်း၊ ပါကစ္စတန်အသင်းနှင့် အိန္ဒိယအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
    

ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ နိုင်ငံအဆင့်သတ်မှတ်ချက် (၁၁)မှ (၁၂)အတွင်း ဘာရိန်းအသင်းနှင့် ထိုင်းအသင်း၊ နိုင်ငံအဆင့်သတ်မှတ်ချက် (၉)မှ (၁၀)အတွင်း မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့သည် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြသည်။
    

အဆိုပါ SMM 3rd Asian ''Asia World Foundation'' Men's U-23 Volleyball Championship ပြိုင်ပွဲကို ဩဂုတ် ၁၁ ရက်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ညနေ (၆)နာရီခွဲတွင် ဗိုလ်လုပွဲပြိုင်ပွဲကို စတင်၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘော်လီဘော အားကစားနည်းကို စိတ်ပါဝင်စားသူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ်