သမိုင်းဝင် အရှေ့မဟာဗုဒ္ဓဘုရားကြီး စေတီတော်တွင် သီတင်းကျွတ်လပြည့်နေ့၌ ဆွမ်းတော်ကြီး တင်လှူပွဲနှင့် ဆီမီးပူဇော်ပွဲကျင်းပ

ရွှေကျင် ၁၃ အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်ရှိ သမိုင်းဝင် အရှေ့မဟာဗုဒ္ဓဘုရားကြီး စေတီတော်တွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်)နေ့၌ ဆွမ်းတော်ကြီးတင်လှူပွဲနှင့် ဆီမီးပူဇော်ပွဲကို ယနေ့ နံနက် ၅ နာရီတွင် ကျင်းပခဲ့သည်။

 

၁

 

အဆိုပါ သမိုင်းဝင် အရှေ့မဟာ ဗုဒ္ဓဘုရားကြီးစေတီတော်အား ရွှေကျင်မြို့နယ် သြဝါဒါစရိယ ဆရာတော်ကြီးများက အနေကဇာတင်ပေးပြီး ဓမ္မစကြ်ာအဖွဲ့များက ဝတ်ရွတ်ဖတ်ပူဇော်ကြသည်။

 

၂

 

ထို့နောက် ဘုရားဖူးပြည်သူများက ဆွမ်းတော်ကြီးတင်လှူခြင်းနှင့် ဆီမီးပူဇော်ခြင်းများဖြင့် ဆက်ကပ်လှူဒါန်းကြပြီး ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

၂

 

ထွန်းထွန်းဇော်(ပြန်/ဆက်)