သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

လှိုင်းဘွဲ   ၂၉   ဇူလိုင်

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများနေစဉ်စားသုံးလျက်ရှိသော စားသောက်ကုန် များတွင် သက်တမ်းလွန်ခြင်းများ မဖြစ်ပေါ်စေရေးများနှင့် သက်တမ်းလွန်စားသောက် ကုန်များ ရောင်းချမှု ရှိ/မရှိကို ယမန်နေ့က မြို့ပေါ်(၄)ရပ်ကွက်အတွင်း ရောင်ချနေသော ကုန်စုံဆိုင်များသို့ ကွင်းဆင်း ၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သက်တမ်းလွန်စားသောက်ကုန်များ၊ ဆိုးဆေးများအသုံးပြု ထားသော စားသောက်ကုန်များ၊ တားမြစ်ထားသော စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိကို ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဈေးဆိုင်ခန်း များအား ကွင်းဆင်း၍ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)