သက်တမ်းအလိုက် လူငယ်တင်းနစ်ပြိုင်ပွဲ ကျင်းပမည် 

ရန်ကုန်  ၃၀ ဒီဇင်ဘာ   

မျိုးဆက်သစ် လူငယ်တင်းနစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံတင်းနစ် အဖွဲ့ချုပ်မှကြီးမှုးကျင်းပမည့် ၂၀၂၀ ပြည့်နှစ် သက်တမ်းအလိုက် လူငယ်တင်းနစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူတင်းနစ်အားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါပြိုင်ပွဲတွင် အမျိုးသား၊အမျိူးသမီး အသက် ၁၂ နှစ် နှင့်အောက်၊ ၁၄ နှစ် နှင့်အောက်၊ ၁၆ နှစ် နှင့်အောက် တစ်ဦးချင်းပြိုင်ပွဲများ ပါဝင်ပြီး ပြိုင်ပွဲ၀င်ရောက်မည့် ကစားသမားများအနေဖြင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ရုံးဖုန်း ၀၉-၂၅၄၂၇၂၂၃၄ ၊ ၀၉-၂၅၀၁၇၈၀၄၀ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အာကာစိုး